ငရုတ်သီး ၏ ကျန်းမာရေး အကျိုးကျေးဇူး
25-Feb-2017
ဘယ်လောက်ပဲ ပူတယ်၊စပ်တယ် ပြောပြော ငရုတ်သီးက လူ့ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုနေတာကို ဘယ်သူမှ ငြင်းမရပါဘူး။ ငရုတ်သီးကို အရိုးအကြော ရောဂါကုဆေးနဲ့ အရေပြား ယားနာပျောက်ဆေးတို့မှာ ထည့်သွင်း အသုံးပြုကြပါတယ်။
ငရုတ်သီး ပုံမှန်စားသုံးသူဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ ရှိတဲ့ဆဲလ်များကို အမြဲ တွန်းလှန်နေတာကြောင့် ကင်ဆာရောဂါကိုလည်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ . ဆီးချိုရောဂါရှိသူများလည်း ပုံမှန်စားသုံးသင့်တဲ့ အစားအစာအဖြစ် ပါဝင်ပါတယ်။
ငရုတ်သီးမှာ ဗစ်တာမင် စီ ကြွယ်ဝပြီး ကျန်းမာရေးအတွက် ပုံမှန်စားသုံး သင့်ကြောင်း ဆိုပါတယ်။ ကမ္ဘာမှာ အပူဆုံး၊ အစပ်ဆုံး ငရုတ်သီးအဖြစ် လက်ရှိ စံချိန်တင်ထားတာကတော့ ဖိလစ်ပိုင်နိုင်ငံမှ Siling labuyo လို့အမည်ရတဲ့ ငရုတ်သီး ဖြစ်ပါတယ်။ မြန်မာပြည်မှာဆိုရင် ကုလားအော်သီး လို့ခေါ်တဲ့ ငရုတ်သီးနဲ့ မျိုးစိတ်နီးစပ်ကြောင်း သိရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
အောင်ခမ်း(ရိုးရာလေး)
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

